လေယာဉ်များ ဘေးကင်းလုံခြုံစွာ ပျံသန်းနိုင်ရေးတွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများသည် အလွန်အရေးကြီးသဖြင့် အင်ဂျင်နီယာများအနေဖြင့် သတ်မှတ်စံချိန်စံညွှန်းများကို တိကျစွာ လိုက်နာရန် လိုအပ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားခဲ့သည်။ ဧပြီလ ၂၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ မြန်မာအမျိုးသားလေကြောင်း (MNA) သို့ သွားရောက်စစ်ဆေးစဉ် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ထို့ပြင် လေယာဉ်အပိုပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရန်၊ မြေပြင်ဝန်ဆောင်မှု ယန္တရားများကို စနစ်တကျ ထိန်းသိမ်းရန်၊ ဝန်ထမ်းများအတွက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးရန်နှင့် ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များကို စဉ်ဆက်မပြတ် မွေးထုတ်ရန် မှာကြားခဲ့သည်။ အထူးသဖြင့် ATR လေယာဉ်များကို အင်အားအပြည့် ပျံသန်းနိုင်ရေးအတွက် သတ်မှတ်ပြုပြင်ရေး အချိန်ဇယားအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီး ခရီးသွားပြည်သူများ ယုံကြည်အားကိုးရသည့် နိုင်ငံတော်ပိုင် အလံတင်လေကြောင်းလိုင်းဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။
လေယာဉ်များ ဘေးကင်းစွာ ပျံသန်းနိုင်ရေးအတွက် စံချိန်စံညွှန်းနှင့်အညီ ပြုပြင်ထိန်းသိမ်းရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း
Apr 26 • 7:01 AM
Myanmar
Local
Share
| 28 | 0 | 0 | 0 |


