back

ဧရာဝတီတံတား (ရတနာပုံ) ပေါ်တွင် ၄၅ တန်ယာဉ်များ ဖြတ်သန်းခွင့်ပြုပြီ

Apr 26 • 6:59 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတံတား (ရတနာပုံ) ပေါ်တွင် ၄၅ တန်ယာဉ်များ ဖြတ်သန်းခွင့်ပြုပြီ

မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးမှုများရှိခဲ့သည့် ဧရာဝတီတံတား (ရတနာပုံ) ကို အဆင့်ဆင့် ပြန်လည်ပြုပြင်ခဲ့ရာ လက်ရှိတွင် ဒုတိယအဆင့် ပြင်ဆင်မှုများ ပြီးစီးသွားပြီဖြစ်၍...

မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးမှုများရှိခဲ့သည့် ဧရာဝတီတံတား (ရတနာပုံ) ကို အဆင့်ဆင့် ပြန်လည်ပြုပြင်ခဲ့ရာ လက်ရှိတွင် ဒုတိယအဆင့် ပြင်ဆင်မှုများ ပြီးစီးသွားပြီဖြစ်၍ တန်ချိန် ၄၅ တန်ရှိသော ကားများကိုပါ ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ငလျင်ကြောင့် တံတား၏ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့သဖြင့် ကနဦးတွင် ၁၅ တန်သာ ဖြတ်သန်းခွင့်ပြုခဲ့ပြီး၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ၂၅ တန်အထိ တိုးမြှင့်ပေးခဲ့ကာ ယခုအခါ Load Test စမ်းသပ်စစ်ဆေးမှုများ အောင်မြင်ပြီးနောက် (ကုန်+ယာဉ်) စုစုပေါင်း ၄၅ တန်အထိ တိုးမြှင့်ခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။

news-view-count-icon

15