back

ဧပြီ ၂၅ မှ မေ ၁ ရက်အထိ ရှမ်းပြည်နယ်အတွင်း နေရာအနှံ့အပြား မိုးရွာသွန်းပြီး အပူရှိန်လျော့ပါးလာမည်

Apr 26 • 6:58 AM

breaking-news

Myanmar

Shan

cover

ဧပြီ ၂၅ မှ မေ ၁ ရက်အထိ ရှမ်းပြည်နယ်အတွင်း နေရာအနှံ့အပြား မိုးရွာသွန်းပြီး အပူရှိန်လျော့ပါးလာမည်

ယခုတစ်ပတ်အတွင်း ရှမ်းပြည်နယ်တစ်ခုလုံးတွင် နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး အထူးသဖြင့် ရှမ်းမြောက်ဒေသ၌ မိုးရေချိန် ၁၀၀ မှ ၁၇၀ မီလီမီတာအထိ အများဆုံးရွာသွန်းကာ...

ယခုတစ်ပတ်အတွင်း ရှမ်းပြည်နယ်တစ်ခုလုံးတွင် နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး အထူးသဖြင့် ရှမ်းမြောက်ဒေသ၌ မိုးရေချိန် ၁၀၀ မှ ၁၇၀ မီလီမီတာအထိ အများဆုံးရွာသွန်းကာ မိုးသက်လေပြင်းများ ကျရောက်နိုင်သဖြင့် သတိပြုရန် လိုအပ်ပါသည်။ မိုးရွာသွန်းမှုကြောင့် ယခင်အပတ်များက ကြုံတွေ့ခဲ့ရသော အစွန်းရောက်အပူရှိန်များ သိသိသာသာ လျော့ကျသွားမည်ဖြစ်သော်လည်း လေထုမငြိမ်မသက်မှုကြောင့် မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မုတ်သုံလေဝင်ရောက်မှု နောက်ကျနိုင်ခြင်းကြောင့် စိုက်ပျိုးရေရရှိရေး ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထုတ်ပြန်ထားပါသည်။

news-view-count-icon

15