back

ကချင်ပြည်နယ်၊ဟိုပင်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လမ်းပေါ်၌ သစ်ကိုင်းများကျိုးကျနေမှုကို မီးသတ်တပ်ဖွဲ့က ရှင်းလင်းပေး

Apr 26 • 6:56 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊ဟိုပင်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လမ်းပေါ်၌ သစ်ကိုင်းများကျိုးကျနေမှုကို မီးသတ်တပ်ဖွဲ့က ရှင်းလင်းပေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၌ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ မြို့မမြောက်ရပ်ကွက်ရှိ ရွှေဘို-မ...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၌ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ မြို့မမြောက်ရပ်ကွက်ရှိ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သစ်ကိုင်းများ ကျိုးကျပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါလမ်းပိတ်ဆို့မှုအား ဟိုပင်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

27