back

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း အာရှလားပြိုင်ပွဲမတိုင်မီ တရုတ် (တိုင်ပေ) နှင့် ခြေစမ်းပွဲယှဉ်ပြိုင်မည်

Apr 26 • 6:55 AM

breaking-news

Myanmar

International

cover

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း အာရှလားပြိုင်ပွဲမတိုင်မီ တရုတ် (တိုင်ပေ) နှင့် ခြေစမ်းပွဲယှဉ်ပြိုင်မည်

အာရှယူ-၁၇ အမျိုးသမီးဖလား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ ယူ-၁၇ အမျိုးသမီးလက်ရွေးစင်အသင်းသည် ဧပြီ ၂၅ ရက် ညနေပိုင်းတွင်...

အာရှယူ-၁၇ အမျိုးသမီးဖလား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ ယူ-၁၇ အမျိုးသမီးလက်ရွေးစင်အသင်းသည် ဧပြီ ၂၅ ရက် ညနေပိုင်းတွင် တရုတ် (တိုင်ပေ) အသင်းနှင့် လေ့ကျင့်ခြေစမ်းပွဲ ကစားသွားမည်ဖြစ်သည်။ မြန်မာအသင်းသည် အသင်း၏ အရည်အသွေးကို စစ်ဆေးရန်အတွက် ဖိလစ်ပိုင်အသင်းနှင့် ခြေစမ်းပွဲကစားခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံခြေစမ်းခြင်းဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (က) ၌ အိမ်ရှင်တရုတ်၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး၊ ခြေစမ်းမည့် တရုတ် (တိုင်ပေ) အသင်းမှာမူ အုပ်စု (ဂ) တွင် ကျရောက်နေကြောင်း သိရှိရပါသည်။

news-view-count-icon

16