back

မြန်မာ့လက်ရွေးစင် Esports အသင်း SEA Esports Nations Cup (SNC) 2026 တွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည်

Apr 26 • 6:53 AM

breaking-news

Myanmar

Local

cover

မြန်မာ့လက်ရွေးစင် Esports အသင်း SEA Esports Nations Cup (SNC) 2026 တွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) သည် ဗီယက်နမ်နိုင်ငံ၊ Ho Chi Minh City ၌ ကျင်းပမည့် SEA Esports Nations Cup (SNC) 2026 ပြိုင်ပွဲတွင် မြန်မာ့လက်...

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) သည် ဗီယက်နမ်နိုင်ငံ၊ Ho Chi Minh City ၌ ကျင်းပမည့် SEA Esports Nations Cup (SNC) 2026 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ မေလ ၈ ရက်မှ ၉ ရက်အထိ ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် PUBG Mobile၊ Teamfight Tactics (Women) နှင့် Total Football ကစားနည်း (၃) မျိုးဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ဗီယက်နမ် Gameverse 2026 အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဤပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံများအကြား မြန်မာ့ဂုဏ်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း MESF က ကတိပြုပြောကြားထားသည်။

news-view-count-icon

32