ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-ကလောဒေသတွင် စီးပွားဖြစ် ထင်းရှူးဆီ အလွန်အကျွံ ထုတ်ယူမှု များကြောင့် ထင်းရှူးတောများ လျော့နည်း ပျက်သုဉ်းလာနေရကြောင်း သိရသည်။ထင်းရှူးပင်အချို့မှာ တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးရပြီး အချို့က ထင်းရှူးဆီ ထုတ်ယူရန်အတွက် ထင်းရှူးပင်များကို တမင်တကာ မီးရှို့ဖျက်ဆီးကြခြင်းဖြစ်ကာ အောင်ပန်းသစ်တောကြိုးဝိုင်းနှင့် ကလော သစ်တောကြိုးဝိုင်းကြား၊ မြင်းကရွာနှင့် ရှေးဟောင်းစေတီ အနီး တောအတွင်း ထင်းရှူးပင် တစ်ရာကျော် နှစ်ရာနီးပါးခန့် ခုတ်လှဲမီးရှို့ခံထားရကြောင်း ဒေသခံများထံက သိရသည်။ထင်းရှူးပင် ခုတ်ယူသူများက ဆိုင်ကယ်များဖြင့် လာရောက်ခုတ်ယူ သယ်ဆောင်ကြပြီး သစ်တောဝန်ထမ်း များမှာ အင်အားနည်းပါးသည့်အပြင် အခြားလုပ်ငန်းတာဝန်များကြောင့် ဖမ်းဆီးရန် အခက်အခဲဖြစ်ပေါ် နေရကြောင်း သိရသည်။
Apr 26 • 6:49 AM
Myanmar
Shan
Share
| 31 | 0 | 0 | 0 |


