နေပြည်တော်သို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဧပြီလ ၂၅ ရက်နေ့က တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ်အတွင်း မစ္စတာဝမ်ယိက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အစိုးရသစ် ဖွဲ့စည်းနိုင်မှုအပေါ် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
| 12 | 0 | 0 | 0 |


