အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ရေနံပြတ်လပ်မည်ကို စိုးရိမ်မှုများရှိနေသော်လည်း တောင်ကိုရီးယားနိုင်ငံသည် လာမည့် မေလအတွက် ရေနံစိမ်း စည်ပေါင်း ၇၄.၆၂ သန်းကို ကြိုတင်ရရှိထားပြီဖြစ်ကြောင်း သမ္မတရုံး အရာရှိချုပ် Kang Hoon-sik က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဤပမာဏသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၏ တစ်လစာ ပျမ်းမျှတင်သွင်းမှုပမာဏ၏ ၈၇ ရာခိုင်နှုန်းနှင့် ညီမျှသောကြောင့် စွမ်းအင်လိုအပ်ချက်အတွက် စိုးရိမ်စရာမရှိကြောင်း သိရသည်။ တောင်ကိုရီးယားအစိုးရသည် အာဖရိကနှင့် မြောက်အမေရိကနိုင်ငံများထံမှ ရေနံပိုမိုတင်သွင်းကာ အရှေ့အလယ်ပိုင်းအပေါ် မှီခိုနေရမှုကို ၆၉ ရာခိုင်နှုန်းမှ ၅၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်။ အထူးသဖြင့် ဆော်ဒီအာရေးဗီးယားမှ စည် ၂၄ သန်းနှင့် ယူအေအီးမှ စည် ၁၆ သန်းကို ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အစား အခြားလမ်းကြောင်းသစ်များမှတစ်ဆင့် တင်သွင်းရန် စီစဉ်ထားပြီး၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းကာ စွမ်းအင်လုံခြုံရေးအတွက် အစွမ်းကုန်ကြိုးပမ်းနေကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၌ မေလအတွက် ရေနံစိမ်းစည်ပေါင်း ၇၄ သန်းကျော် အရန်သင့်ရရှိထားကြောင်း သမ္မတရုံးက အတည်ပြု
Apr 26 • 6:47 AM
South Korea
Local News
Share
| 9 | 0 | 0 | 0 |


