back

အောင်ဆန်းဆရာတော်ကြီး မြန်မာ-လာအို ချစ်ကြည်ရေးအသင်းရုံးရှိ ဘုရားအနေကဇာတင်ပွဲသို့ ကြွရောက်ချီးမြှင့်

Apr 26 • 6:41 AM

breaking-news

Myanmar

International

cover

အောင်ဆန်းဆရာတော်ကြီး မြန်မာ-လာအို ချစ်ကြည်ရေးအသင်းရုံးရှိ ဘုရားအနေကဇာတင်ပွဲသို့ ကြွရောက်ချီးမြှင့်

ရန်ကုန်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းရုံး၌ ဧပြီလ ၂၆ ရက် နံနက်ပိုင်းက ဘုရားအနေကဇာတင်ခြင်းနှင့် လှူဒါန်းမှုအခမ်းအနားတစ်ရပ် ကျင်းပခဲ့သည်။ လာအိုနိုင်ငံ၊ လော...

ရန်ကုန်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းရုံး၌ ဧပြီလ ၂၆ ရက် နံနက်ပိုင်းက ဘုရားအနေကဇာတင်ခြင်းနှင့် လှူဒါန်းမှုအခမ်းအနားတစ်ရပ် ကျင်းပခဲ့သည်။ လာအိုနိုင်ငံ၊ လောင်ဖရာဘန်ပြည်နယ် သံဃာ့ရာဇာဆရာတော်က အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရထံ ကပ်လှူပူဇော်ထားသည့် ဗုဒ္ဓဆင်းတုတော်အား အောင်ဆန်းဆရာတော်ကြီးက အသင်းရုံးခန်းတွင် ပူဇော်နိုင်ရန် ပြန်လည်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားသို့ အသင်းဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ ဆရာတော်ကြီးမှ ဗုဒ္ဓဘိသေက အနေကဇာတင်ပေးခဲ့ကာ အသင်းသားများက လှူဖွယ်ဝတ္ထုပစ္စည်းများ၊ သင်္ကန်းများနှင့် အာရုံဆွမ်းများ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

23