ပြည်တွင်း၌စက်သုံးဆီဈေးနှုန်းသက်သာစေရေးအတွက် ရေနံစိမ်းကိုဝယ်ယူ၍ စက်သုံးဆီချက်လုပ်ရန် ရေနံချက်စက်ရုံအသစ်များ တိုးချဲ့တည်ဆောက်ခြင်းနှင့် စက်ရုံအဟောင်းများကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းထုတ်စက်သုံးဆီများကို သုံးစွဲသူပြည်သူများထံ တိုက်ရိုက် ဖြန့်ဖြူးပေးသည့်အနေဖြင့် မော်တော်ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များနှင့် အချို့ မော်တော်ယာဉ်များကို RON 68 ဓာတ်ဆီတစ်ဂါလန်လျှင် ဓာတ်ဆီတစ်ဂါ ၁၇,၂၅၂ ကျပ်ဖြင့်လည်းကောင်း၊ RON 72 ဓာတ်ဆီတစ်ဂါလန်လျှင် ၁၇,၇ဝ၇ကျပ် ဖြင့်လည်းကောင်း၊ တောင်သူလယ်သမားများ ထံသို့ ဒီဇယ်တစ်ဂါလန်လျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဆက်လက်ရောင်းချပေးသွားရန် အတွက်လည်း စီမံထား ရှိပြီးဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ ရေနံစိမ်းကိုဝယ်ယူ၍ စက်သုံးဆီ ချက်လုပ်ရန်အတွက် ရေနံချက်စက်ရုံ အသစ်များ တိုးချဲ့တည်ဆောက်ခြင်း လုပ်ဆောင်နေဟု ဆို
Apr 26 • 6:18 AM
Myanmar
Local
Share
| 62 | 0 | 0 | 0 |


