ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ၏ လျှပ်စစ်ဓာတ်အားခ ငွေလက်ခံကောင်တာများကို ဧပြီလ ၂၉ ရက်မှ မေလ ၁ ရက်နေ့အထိ (၃) ရက်ဆက်တိုက် ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ ဧပြီ ၂၉ ရက် (ဗုဒ္ဓဟူးနေ့) ရုံးပိတ်ရက်၊ ဧပြီ ၃၀ ရက် (ကဆုန်လပြည့်နေ့) နှင့် မေ ၁ ရက် (အလုပ်သမားနေ့) တို့ တိုက်ဆိုင်နေသဖြင့် ယခုကဲ့သို့ ပိတ်ရခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ဧပြီ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကောင်တာများကို နံနက် ၉ နာရီမှ နေ့လယ် ၃ နာရီအတွင်း ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း YESC က အသိပေးထားပါသည်။
Apr 26 • 5:55 AM
Myanmar
Yangon
Share
| 32 | 0 | 0 | 0 |


