back

မြန်မာတစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု (System Shutdown) ဖြစ်ပွား၊ ရန်ကုန်၌ ၃ နာရီမှ ၄ နာရီအတွင်း မီးပြန်ပေးရန် စီစဉ်နေ

Apr 26 • 5:52 AM

breaking-news

Myanmar

Local

cover

မြန်မာတစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု (System Shutdown) ဖြစ်ပွား၊ ရန်ကုန်၌ ၃ နာရီမှ ၄ နာရီအတွင်း မီးပြန်ပေးရန် စီစဉ်နေ

ဧပြီ ၂၅ ရက် ည ၈ နာရီခန့်တွင် ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း၌ အပြစ် (Fault) ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်အားပြတ်တောက်...

ဧပြီ ၂၅ ရက် ည ၈ နာရီခန့်တွင် ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း၌ အပြစ် (Fault) ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်အားပြတ်တောက်မှု (System Shutdown) ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ကထုတ်ပြန်သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက အမြန်ဆုံးပြုပြင်နိုင်ရန် စစ်ဆေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ၃ နာရီမှ ၄ နာရီအတွင်း အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် မီးပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းကပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးပေးချိန်များ တိုးမြှင့်ပေးမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားစဉ် ယခုကဲ့သို့ System Shutdown ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါသည်။

news-view-count-icon

34