ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ဓနုဖြူမြို့မဈေးတွင် ယနေ့ ၂၆.၄.၂၀၂၆ ရက်နေ့၊ နံနက်၀၆နာရီ ၂၅မိနစ် အချိန်၊ မီးလောင်နေသည်ဟု သိရပါသည်။ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၄)စီးဖြင့် ထွက်ခွာ ငြှိမ်းသတ်လျက်ရှိပါသည်။နံနက်၇နာရီ ၀၅ မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပါသည်။



