back

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို ဧပြီ ၂၈ မှာ ပြန်ဖွင့်မည်ဖြစ်

Apr 26 • 1:43 AM

breaking-news

Myanmar

Local

cover

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို ဧပြီ ၂၈ မှာ ပြန်ဖွင့်မည်ဖြစ်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှာထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မဲဆောက်ကုန်သွယ်ရေးဇုန် အကောက်ခွန်အရာရှိတွေရဲ့ ပြောပြချက်အရ ကရင်ပြည်နယ်၊ မြဝတီခရိုင်က ...

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှာထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မဲဆောက်ကုန်သွယ်ရေးဇုန် အကောက်ခွန်အရာရှိတွေရဲ့ ပြောပြချက်အရ ကရင်ပြည်နယ်၊ မြဝတီခရိုင်က မြန်မာအာဏာပိုင်တွေဟာ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို လာမယ့် ဧပြီလ ၂၈ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပြီး ကုန်စည်ပို့ဆောင်မှုလုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည်ပတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။အခုလို နယ်စပ်ဂိတ် ပြန်ဖွင့်ဖို့ ဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်အတွင်း မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။လတ်တလောမှာတော့ အမှတ် (၂) နယ်စပ်ဂိတ်မှာ ကုန်သွယ်ရေးလမ်းကြောင်းတရားဝင် ပြန်ဖွင့်ဖို့အတွက် ကုန်တင်ကားတွေ စတင်လှုပ်ရှား ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

news-view-count-icon

71