back

တောင်ဥက္ကလာပမြို့နယ်ရှိ ဆောက်လက်စ အထပ်မြင့်တိုက်ဘေးကြား လေးလွှာတွင် လူတစ်ဦး ကြိုးဆွဲချ သေဆုံး

Apr 25 • 4:34 PM

breaking-news

Myanmar

Yangon

cover

တောင်ဥက္ကလာပမြို့နယ်ရှိ ဆောက်လက်စ အထပ်မြင့်တိုက်ဘေးကြား လေးလွှာတွင် လူတစ်ဦး ကြိုးဆွဲချ သေဆုံး

ဧပြီ ၂၅ ရက်၊ နံနက် ၁၁ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ကပ်ကွက်၊ ကောလိယ(၂၄)လမ်းရှိ ဆောက်လက်စအထပ်မြင့်တိုက်ဘေးကြား လေးလွှာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆု...

ဧပြီ ၂၅ ရက်၊ နံနက် ၁၁ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ကပ်ကွက်၊ ကောလိယ(၂၄)လမ်းရှိ ဆောက်လက်စအထပ်မြင့်တိုက်ဘေးကြား လေးလွှာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။သေဆုံးသူမှာ အသက် သုံးဆယ်ဝန်းကျင်ခန့်ရှိပြီး လည်ပင်းတွင် သွပ်နန်းကြိုးသုံးပင်အား ပူးလျှက်ချည်ကာ သေဆုံးနေကြောင်း အဆိုပါနေရာအနီးနေသူများထံမှ သိရသည်။အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။ 



news-view-count-icon

23