၂၀၂၅ ခုနှစ် ဧပြီလ ယခုချိန်တွင် မန္တလေးမြို့အပူချိန်သည် ၄၂ ဒီကရီဆဲလ်စီးယပ်ရှိသဖြင့် တစ်နှစ်ကျော်ကာလအတွင်း အပူချိန် ၁ ဒီကရီဆဲလ်စီးယပ်ရှိလာကာ အပူချိန်မြင့်တက်ခြင်းဖြစ်သည်။မန္တလေးမြို့တွင်အပူချိန်မြင့်တက်မှုကြောင့် မူးလဲသတိလစ်သူအပူလျှပ်သူများပြားနေပြီး ဆရာဝန်တစ်ဦးသေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။ပြီးခဲ့သည့်ရက်ပိုင်းတွင် မန္တလေး နန်းရှေ့၊ ၁၉ လမ်းရှိ ဘောလုံးကွင်းရှေ့၌ အမျိုးသားတစ်ဦး ကားအတွင်းရုတ်တရက်သေဆုံးခြင်း၊ အမျိုးသမီးတစ်ဦး မူးလဲသတိလစ်သွားခြင်းကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ထိုသို့အပူချိန်မြင့်တက်နေသည့်အပြင် လျှပ်စစ်မီးလုံလောက်စွာမရမှုကြောင့် အပူဒဏ်ခံစားရကာ ကလေးငယ်နှင့် လူကြီးများပိုမိုခံစားရကြောင်း မန္တလေးမြို့ခံ့များထံက သိရသည်။ထို့ပြင် အပူချိန်မြင့်တက်မှုကြောင့် မိတ်ထွက်ခြင်း၊ ကြွက်တက်ခြင်း၊ အားအင်ကုန်ခမ်းခြင်း နှင့် သတိလစ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။အပူကြောင့်သတိလစ်ခြင်း ( Heat Stoke) သည် ခန္ဓာကိုယ်အပူချိန်လွန်ကဲ၍ဖြစ်ရခြင်း အသက်အရွယ်၊ ရောဂါအခံနှင့် အခြားအကြောင်းအရင်းတို့ကြောင့်ဖြစ်ရကြောင်း သိရသည်။



