back

ပြည်ကြီးတံခွန်မြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသားနှစ်ဦး ဖမ်းဆီးရမိ

Apr 25 • 4:32 PM

breaking-news

Myanmar

Mandalay

cover

ပြည်ကြီးတံခွန်မြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသားနှစ်ဦး ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဧပြီလ ၂၂ ရက်နေ့က ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဧပြီလ ၂၂ ရက်နေ့ နံနက် ၁...

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဧပြီလ ၂၂ ရက်နေ့က ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် သင်ပန်ကုန်းရပ်ကွက်၊ ၁၂၀ လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်း ကြားအရောက်၌ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနေ မင်းမင်းလှိုင်(ခ) ရှမ်းလေး(၃၄)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်အတွင်းမှ အရိုး/အသွား ၉ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းအား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ပြည်ကြီးတံခွန် မြို့မရဲစခန်း (ပ)၅၅/၂၀၂၆၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။အလားတူ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်၊ ၁၂၁ လမ်း နှင့် ၁၂၂ လမ်းကြား အရောက်၌ သင်ပန်းကုန်းရပ်ကွက်နေ မင်းမင်း(၅၁)နှစ်အား အရိုး/အသွား ၁၄ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၅၇/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် အရေးယူထားကြောင်း သိရသည်။




news-view-count-icon

26