ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မန်နားကျေး ရွာတွင် အမျိုးသားတစ်ဦး ငါးမိုင်းခွဲရန် ပြင်ဆင်နေချိန် မတော်တဆဖြစ်ပြီး လက်ချောင်းများပြတ်ထွက်ကာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု ဒေသခံထံမှ သိရသည်။ကောင်းဆန်းကျေးရွာအုပ်စု၊ မန်နားကျေးရွာတွင် နေထိုင်သည့် စိုင်းအိုက်လူသည် ဧပြီ ၂၁ ရက်တွင် ရွာအနီးရှိ ချောင်း၌ အဖော်များနှင့်အတူ ငါးမိုင်းခွဲရန် လုပ်ဆောင်ရာမှ ၎င်း၏လက်ပေါ်တွင် မိုင်းပေါက်ကွဲသွားခြင်းဖြစ်သည်။ယင်းမိုင်းပေါက်ကွဲမှုကြောင့် စိုင်းအိုက်လူ၏ လက်၂ ဖက်ရှိ လက်ချောင်းများ ပြတ်ထွက်သွားခဲ့ပြီး မျက်နှာနှင့် ရင်ဘတ်တွင်လည်း ဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။လက်ရှိအချိန်တွင် ထိခိုက်ဒဏ်ရာရသည့် စိုင်းအိုက်လူကို ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုလျက်ရှိသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။



