back

လားရှိုးတွင် လွှတ်တော်ကိုယ်စားလှယ်များရုံးခန်း ဖွင့်လှစ်

Apr 25 • 3:01 PM

breaking-news

Myanmar

Shan

cover

လားရှိုးတွင် လွှတ်တော်ကိုယ်စားလှယ်များရုံးခန်း ဖွင့်လှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ ဧပြီလ ၂၄ ရက်က လွှတ်တော်ကိုယ်စားလှယ်များရုံးခန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။အဆိုပါ ရုံးခန်းတွင် အမျိုးသားလွှတ...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ ဧပြီလ ၂၄ ရက်က လွှတ်တော်ကိုယ်စားလှယ်များရုံးခန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။အဆိုပါ ရုံးခန်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးထွန်း အပါအဝင် ရှမ်းမြောက်ဒေသရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၁ ဦး ရုံးထိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များ ရုံးခန်းကို လားရှိုးမြို့၊ ကွတ်ခိုင်လမ်းမပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးဝင်းအတွင်း ဖွင့်လှစ်ထားကြောင်း သိရသည်။




news-view-count-icon

49