back

နိုင်ငံပေါင်း (၇၀) ကျော်မှ မုန့်တွေ ဝယ်ယူနိုင်တဲ့ ဂင်းနစ်စံချိန်တင် ကမ္ဘာ့အကြီးဆုံး မုန့်ဆိုင်

Apr 25 • 2:26 PM

breaking-news

China

Local News

cover

နိုင်ငံပေါင်း (၇၀) ကျော်မှ မုန့်တွေ ဝယ်ယူနိုင်တဲ့ ဂင်းနစ်စံချိန်တင် ကမ္ဘာ့အကြီးဆုံး မုန့်ဆိုင်

တရုတ်နိုင်ငံရဲ့ အကြီးဆုံး မုန့်အရောင်းဆိုင် လုပ်ငန်းစုကြီး Mingming Henmang က Changsha မြို့ရဲ့ Furong Square မှာ Snack Kingdom လို့ အမည်ပေးထားတဲ့ မုန့်ဆိုင်ကြီ...

တရုတ်နိုင်ငံရဲ့ အကြီးဆုံး မုန့်အရောင်းဆိုင် လုပ်ငန်းစုကြီး Mingming Henmang က Changsha မြို့ရဲ့ Furong Square မှာ Snack Kingdom လို့ အမည်ပေးထားတဲ့ မုန့်ဆိုင်ကြီးကို ဖွင့်လှစ်လိုက်ပါတယ်။ ဒီဆိုင်ကြီးထဲမှာ ကမ္ဘာတစ်ဝန်းမှ နာမည်ကြီး မုန့်တံဆိပ် အမျိုးပေါင်း (၆,၅၀၀) ကျော်ကို တစ်နေရာတည်းမှာ စုံစုံလင်လင် ဝယ်ယူလို့ရမှာ ဖြစ်ပါတယ်။ ဒီမုန့်ဆိုင်ကြီးရဲ့ အကျယ်အဝန်းက (၁၂,၀၀၀) စတုရန်းမီတာ (ဧကဝက်ကျော်နီးပါး) အထိရှိပြီး နိုင်ငံပေါင်း (၇၀) ကျော်မှ မုန့်အမျိုးအစားပေါင်း (၃၅,၀၀၀) ကျော်ကို ရောင်းချပါတယ်။ ဒီမုန့်ဆိုင်ကြီးက ဧပြီလ (၁၇) ရက်နေ့မှာ ဖွင့်ပွဲနေ့မှာတင် ဂင်းနစ်ကမ္ဘာ့စံချိန်တင် (Guinness World Record) ကမ္ဘာ့အကြီးဆုံး မုန့်ဆိုင်အဖြစ် တရားဝင် သတ်မှတ်ခံခဲ့ရပါတယ်။ ထို့နောက် ဧပြီလ (၁၉) ရက်နေ့မှာ ပစ္စည်းပြန်ဖြည့်ဖို့၊ ငွေရှင်းစနစ် ပိုမြန်အောင်ပြင်ဖို့နဲ့ စနစ်တွေကို ပြန်လည် စစ်ဆေးဖို့ ရောင်းချမှကို ခေတ္တရပ်နားခဲ့ရပါတယ်။



news-view-count-icon

4