back

❝ဘတ် ၄ဝ သာကျမယ့် BTS ခရီးစရိတ် ၂၀၂၇ မှာ စနိုင်❞

Apr 25 • 2:27 PM

breaking-news

Thailand

Local News

cover

❝ဘတ် ၄ဝ သာကျမယ့် BTS ခရီးစရိတ် ၂၀၂၇ မှာ စနိုင်❞

ထိုင်းအစိုးရဟာ ဘန်ကောက်မြို့ရဲ့ BTS နဲ့ MRT အပါအဝင် လျှပ်စစ်ရထားလိုင်းအားလုံးအတွက် "၄၀ ဘတ်” ပေါ်လစီကို လာမယ့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး နှစ်သစ်ကူးလက...

ထိုင်းအစိုးရဟာ ဘန်ကောက်မြို့ရဲ့ BTS နဲ့ MRT အပါအဝင် လျှပ်စစ်ရထားလိုင်းအားလုံးအတွက် "၄၀ ဘတ်” ပေါ်လစီကို လာမယ့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး နှစ်သစ်ကူးလက်ဆောင်အဖြစ် အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါတယ်။ ခရီးစဉ်တစ်ခုကို မိနစ် ၄၀ အတွင်း စီးနင်းမယ်ဆိုရင် ၄၀ ဘတ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ အကယ်၍ မိနစ် ၄၀ ထက် ကျော်သွားမယ်ဆိုရင်တော့ နောက်ထပ် ၂၀ ဘတ် ထပ်တိုးမှာဖြစ်ပေမဲ့ တစ်နေ့တာအတွင်း လိုင်းပေါင်းစုံ ဘယ်လောက်ပဲ ကူးပြောင်းစီးနင်းနေပါစေ အများဆုံး ၆၀ ဘတ်ထက် မပိုစေရဘူးလို့ ဆိုပါတယ်။ အစိုးရအနေနဲ့ ရေရှည်မှာ ထောက်ပံ့ကြေးစရိတ် လျှော့ချနိုင်ဖို့အတွက် နှစ်စဉ် ၅ ဘတ်နှုန်းနဲ့ ရထားခကို သေချာလေးစိစစ်သွားမယ်လို့ ပြောပါတယ်။



news-view-count-icon

10