ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မွန်အမျိုးသမီး ရွှေ့ပြောင်းလုပ်သားတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံရွယ်ခဲ့သူအမျို့သားအား ထောင်ဒဏ်ချမှတ်နိုင်ရန် ထိုင်းရောက် မွန်ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွယ်ပေးနေသူများမှ စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။မဟာချိုင်မြို့ရှိ အဆောင်တန်းလျာတစ်ခုတွင် ရွှေ့ပြောင်းလုပ်သား မွန်အမျိုးသမီးနှင့် အခန်းချင်းကပ်နေထိုင်သည့် အသက် ၃၀ အရွယ် ဗမာအမျိုးသားတစ်ဦးသည် ဧပြီလ ၁၃ ရက်နေ့ ညပိုင်းက အမျိုးသမီးအား ဓားဖြင့်ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့သည်။ထို့နောက် ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ ထွက်ပြေးအကူအညီတောင်းခံနိုင်ခဲ့သည့်သဖြင့် ကျူးလွန်သူအမျိုးသားမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နောက် နယ်မြေခံရဲတပ်ဖွဲ့အပြင် ထိုင်းရောက်မွန်ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက် နေသူများထံ သွားရောက်တိုင်ကြားခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့တွင် ကျူးလွန်သူအမျိုးသားကို ဖမ်းဆီးနိုင်ခဲ့သည်ဟု သူမ ပြောသည်။ပြစ်မှုကျူးလွန်ခံရသူ မိသားစုဝင်များဘက်မှ ပြစ်မှုကျူးလွန်သူ အမျိုးသားအား ထောင်ဒဏ်ချမှတ်နိုင်ရေးကိုသာ လိုလားနေကြသည်။



