ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် နှလုံး၊ ဦးနှောက်နှင့် အာရုံကြောဝေဒနာရှင်များအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ ကုသမှုပေးနိုင်မည့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီးကို တည်ဆောက်နေပြီ ဖြစ်သည်။ အဆိုပါ ဆေးရုံတည်ဆောက်ရေးခွင်သို့ ဒုတိယဝန်ကြီး ဦးမျိုးမြင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံအဆောက်အအုံမှာ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီရန်၊ ဓာတ်ရောင်ခြည်လုံခြုံမှုနှင့် အဆောက်အအုံအရည်အသွေး ကောင်းမွန်ရန်၊ လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးစေရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။
Apr 25 • 5:18 AM
Myanmar
Yangon
Share
| 25 | 0 | 0 | 0 |


