မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံဘောလုံးသင်တန်း (အခမဲ့) ဒုတိယအပတ်စဉ်ကို ယနေ့ (ဧပြီ ၂၅ ရက်) နံနက် ၇ နာရီတွင် ရန်ကုန်အကယ်ဒမီ မြက်ခင်းတုကွင်း၌ စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ အများအပြား တက်ရောက်လျက်ရှိသည်။ ယခုသင်တန်းကို လူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်နှင့် ဘောလုံးအခြေခံနည်းစနစ်များ မှန်ကန်စွာ တတ်မြောက်စေရန် ရည်ရွယ်၍ "Learn - Play - Enjoy" အစီအစဉ်အတိုင်း ပျော်ရွှင်စွာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Apr 25 • 8:08 AM
Myanmar
Yangon
Share
| 16 | 0 | 0 | 0 |


