back

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် မယ်နုအုတ်ကျောင်းကို နိုင်ငံတကာစံညွှန်းနှင့်အညီ ပြုပြင်ထိန်းသိမ်းမည်

Apr 25 • 5:15 AM

breaking-news

Myanmar

Mandalay

cover

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် မယ်နုအုတ်ကျောင်းကို နိုင်ငံတကာစံညွှန်းနှင့်အညီ ပြုပြင်ထိန်းသိမ်းမည်

ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများရှိခဲ့သည့် အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်းကို နိုင်ငံတကာစံညွှန်းများနှင့်အညီ ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဟိုတယ်၊ ခရီး...

ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများရှိခဲ့သည့် အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်းကို နိုင်ငံတကာစံညွှန်းများနှင့်အညီ ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းခရီးစဉ်အတွင်း အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အအုံများ၊ စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းနေမှုကို ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မယ်နုအုတ်ကျောင်းကို အေဒီ ၁၈၂၂ တွင် ဘကြီးတော်မင်းနှင့် နန်းမတော်မယ်နုတို့က ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ၁၈၃၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့်လည်း ပြိုကျပျက်စီးမှုများ ကြုံတွေ့ခဲ့ဖူးကြောင်း သိရှိရပါသည်။

news-view-count-icon

26