back

မော်လမြိုင်တွင် ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်တို့ကို ပေါင်းစည်း၍ ပိုလီတက္ကနစ်တက္ကသိုလ်အဖြစ် ဖွင့်လှစ်မည်

Apr 25 • 4:58 AM

breaking-news

Myanmar

Mon

cover

မော်လမြိုင်တွင် ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်တို့ကို ပေါင်းစည်း၍ ပိုလီတက္ကနစ်တက္ကသိုလ်အဖြစ် ဖွင့်လှစ်မည်

မွန်ပြည်နယ်ရှိ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့ကို ပေါင်းစည်းကာ ပိုလီတက္ကနစ်တက္ကသိုလ် (မော်လမြိုင်) အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီး...

မွန်ပြည်နယ်ရှိ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့ကို ပေါင်းစည်းကာ ပိုလီတက္ကနစ်တက္ကသိုလ် (မော်လမြိုင်) အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ပြောကြားခဲ့သည်။ နိုင်ငံတကာအဆင့်မီ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို တစ်နေရာတည်းတွင် စုစည်းလေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ တက္ကသိုလ်တစ်ခုတည်း၌ အင်ဂျင်နီယာဘွဲ့နှင့် ကွန်ပျူတာဘွဲ့သင်တန်းများကို ပေါင်းစပ်ပို့ချသွားမည်ဖြစ်ကာ အခြားသော နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များနှင့် သင်ကြားရေးပိုင်း ကွာခြားမှုရှိမည်မဟုတ်ဘဲ အရည်အသွေးမီ သုတေသီများနှင့် ကျောင်းသားလူငယ်များ မွေးထုတ်ပေးနိုင်ရေး စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

27