မြန်မာ့ဒေသထွက် ဒူးရင်းသီးများကို ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန်နှင့် "မြန်မာ့ဒူးရင်း" အမည်ဖြင့် နိုင်ငံတကာဈေးကွက်တွင် နေရာရရှိလာစေရန် ရည်ရွယ်၍ လာမည့် မေလအတွင်း ရန်ကုန်မြို့၌ မြန်မာ့ဒူးရင်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါပွဲတော်တွင် ခေတ်မီစိုက်ပျိုးရေးနှင့် ရိတ်သိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းမှုနည်းပညာများကို ဆွေးနွေးဖလှယ်သွားမည်ဖြစ်သည့်အပြင်၊ ဒူးရင်းဈေးကွက်ချဲ့ထွင်ရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စီးပွားရေးကွန်ရက်များ ချိတ်ဆက်နိုင်ရန် အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Apr 25 • 4:59 AM
Myanmar
Local
Share
| 46 | 0 | 0 | 0 |


