မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်လမ်းမတန်းတွင် ဧပြီလ ၂၄ ရက် ည ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်က အမျိုးသားတစ်ဦး ရေတွင်းထဲသို့ ပြုတ်ကျမှုဖြစ်ပွားခဲ့ရာ ပီတိနှလုံးသား (RESCUE) လူမှုကယ်ဆယ်ရေးအသင်းက သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ အဆိုပါအသင်း၏ အချိန်မီ ကယ်ဆယ်နိုင်မှုကြောင့် ရေတွင်းထဲသို့ ပြုတ်ကျသွားသည့် အမျိုးသားအား အသက်အန္တရာယ်မစိုးရိမ်ရဘဲ အသက်ရှင်လျက် ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ရေတွင်းထဲသို့ ပြုတ်ကျသည့် အမျိုးသားတစ်ဦးအား လူမှုကယ်ဆယ်ရေးအသင်းက အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့
Apr 25 • 4:57 AM
Myanmar
Mon
Share
| 23 | 0 | 0 | 0 |


