ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ရှမ်းမြောက်အများပိုင်ကုမ္ပဏီ (Shan Northern Region Public Development Co., Ltd.) မှ ဒါရိုက်တာအဖွဲ့ဝင် ၁၀ ဦး၏ ဘဏ်အကောင့်များနှင့် နိုင်ငံကူးလက်မှတ် (Passport) များ အပိတ်ခံလိုက်ရကြောင်း သိရသည်။ အဆိုပါ ပိတ်ပင်မှုသည် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများကို အမည်မည်းစာရင်းသွင်း အရေးယူနေမှုနှင့် ဆက်စပ်နိုင်ကြောင်း သုံးသပ်နေကြသည်။ ကုမ္ပဏီအနေဖြင့် တရုတ်ကုန်သည်တစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၈ သိန်းခွဲကျော် ရရန်ကျန်ရှိနေပြီး ယင်းငွေများ ပြန်လည်မရရှိသေးသည့် အခြေအနေတွင် ယခုကဲ့သို့ ဒါရိုက်တာများပါ ပိတ်ဆို့အရေးယူခံရသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Apr 25 • 4:54 AM
Myanmar
Shan
Share
| 27 | 0 | 0 | 0 |


