အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းက မလေးရှားအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။ ဗီယက်နမ်အသင်းသည် ယခုအောင်ပွဲအပါအဝင် (၂၀၀၆၊ ၂၀၁၀၊ ၂၀၁၇ နှင့် ၂၀၂၆) စုစုပေါင်း ချန်ပီယံဆု လေးကြိမ်ရရှိခဲ့သဖြင့် သုံးကြိမ်စီ ဗိုလ်စွဲထားသည့် ထိုင်းနှင့် သြစတြေးလျတို့ကို ကျော်ဖြတ်ကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင်မူ သြစတြေးလျအသင်းက လာအိုအသင်းကို ၈-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။
Apr 25 • 4:13 AM
Vietnam
Local News
Share
| 10 | 0 | 0 | 0 |


