ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖယောင်းခရိုင်၊ မယ်တမ်တိုက်နယ်ရှိ နေအိမ်တစ်လုံးအတွင်း ပုန်းအောင်းနေသည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၆၃ ဦး (အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၃၀ ဦး) ကို ဧပြီလ ၂၃ ရက် မွန်းလွဲပိုင်းတွင် ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၈ နှစ်မပြည့်သေးသူ ၃ ဦး ပါဝင်ပြီး ၎င်းတို့သည် မယ်ဆိုင်လမ်းကြောင်းမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာကာ ဘန်ကောက်နှင့် ဖိစနုလောက်ခရိုင်တို့သို့ သွားရောက်လုပ်ကိုင်ရန် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့သည် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၈,၅၀၀ မှ ၁၀,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း သိရပြီး လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူနိုင်ရန် ဖယောင်းရဲစခန်းသို့ လွှဲပြောင်းပေးထားကာ အသက်မပြည့်သေးသူများကိုမူ လူကုန်ကူးမှုဆိုင်ရာ ဆန်းစစ်ချက်များပြုလုပ်ရန် စောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်ထားကြောင်း သိရှိရပါသည်။
Apr 25 • 4:55 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


