ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅၂/၇ နှင့် ၁၅၃/၀ အကြား (နေပြည်တော်မှ ရန်ကုန်သို့အပြန်လမ်း) တွင် ဧပြီလ ၂၄ ရက် ညပိုင်းက ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ Lexus ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ လူ ၄ ဦးလိုက်ပါလာသော Light Truck ယာဉ်သည် လက်ယာဘက်ယာဉ်ကြောမှ ရုတ်တရက် "ဂ" ကွေ့ ကွေ့ရန်ကြိုးစားစဉ် နောက်မှလိုက်ပါလာသော Lexus ယာဉ်နှင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး၊ Lexus ယာဉ်မှာ လမ်းလယ်ကျွန်းသို့ရောက်ရှိကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Apr 25 • 3:37 AM
Myanmar
Yangon
Share
| 25 | 0 | 0 | 0 |


