အာဆင်နယ်အသင်းနည်းပြ အာတေတာက အမှတ်ပေးဇယား ဒုတိယနေရာသို့ ဆင်းပေးလိုက်ရခြင်းသည် အသင်းအတွက် စိတ်ဓာတ်ရေးရာ ထိခိုက်မှုမရှိနိုင်ကြောင်းနှင့် ချန်ပီယံဖြစ်ရန် လက်ကျန် (၅) ပွဲတွင် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကြားရက်ပွဲစဉ်တွင် မန်စီးတီးက ဘန်လေကို အနိုင်ယူပြီးနောက် အာဆင်နယ်မှာ အဆင့် (၁) နေရာကို ဖယ်ပေးခဲ့ရခြင်းဖြစ်ပြီး၊ အာတေတာ လက်ထက်တွင် မန်စီးတီးထက် ဇယားထိပ်၌ ရက်ပိုကြာအောင် ရပ်တည်နိုင်ခဲ့သော်လည်း အမှတ်ပေးဖလား ဆွတ်ခူးနိုင်ခြင်း မရှိသေးပေ။ မန်စီးတီးမှာမူ ထိုကာလအတွင်း ပရီးမီးယားလိဂ်ဖလား (၄) ကြိမ်အထိ ရရှိထားကြောင်း သိရှိရပါသည်။
အမှတ်ပေးဇယား ဒုတိယနေရာ ရောက်သွားတာဟာ အာဆင်နယ်အတွက်စိတ်ဓာတ်ရေးရာအရသက်ရောက်မှုမရှိနိုင်ကြောင်း အာတေတာ ပြောကြား
Apr 25 • 3:35 AM
Myanmar
International
Share
| 27 | 0 | 0 | 0 |


