ချင်းမိုင်လေဆိပ်မှ ကူမင်း-ချုံကင်းခရီးစဉ်အတွက် လေယာဉ်လက်မှတ်မရှိဘဲ လိမ်လည်ရောင်းချခဲ့သည့် လိုင်စင်မဲ့ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ဧပြီလ ၂၄ ရက်တွင် ချင်းရိုင်မှ ခရီးသွား ၃၁ ဦးသည် လေဆိပ်သို့ ရောက်ရှိလာချိန်မှသာ လိမ်လည်ခံရသည်ကို သိရှိခဲ့ပြီး တိုင်ကြားမှုများအရ စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ အဆိုပါအမျိုးသမီးမှာ ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၅ သိန်းအထိ ပြစ်ဒဏ်ကျခံရနိုင်ကြောင်းနှင့် ခရီးသွားများအနေဖြင့် ခရီးစဉ်မဝယ်ယူမီ ကုမ္ပဏီများ၏ တရားဝင်လိုင်စင်ကို သေချာစွာစစ်ဆေးရန် တာဝန်ရှိသူများက တိုက်တွန်းထားပါသည်။


