back

နေပြည်တော်တွင် အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်၊ ရန်ကုန်၌လည်း စိုးရိမ်မှုများရှိနေ

Apr 25 • 3:38 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်တွင် အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်၊ ရန်ကုန်၌လည်း စိုးရိမ်မှုများရှိနေ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၏ အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ မဂ္ဂနီကျု ၃.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ (ဧပြီ ၂၅ ရက်) နံနက်ပိုင်...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၏ အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ မဂ္ဂနီကျု ၃.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ (ဧပြီ ၂၅ ရက်) နံနက်ပိုင်းတွင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ကလည်း ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် မဂ္ဂနီကျု ၄.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် အထပ်မြင့်အဆောက်အဦများရှိသော ရန်ကုန်မြို့တွင် ငလျင်အန္တရာယ်အတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ 

news-view-count-icon

18