ယခုနှစ်တွင် ပြည်ပမှ ကြက်သွန်ဖြူအဝင်နည်းလာခြင်းနှင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းခြင်းတို့ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းထွက် ကြက်သွန်ဖြူဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေကြောင်း စိုက်ပျိုးရေးနှင့် ကုန်စည်အသိုင်းအဝိုင်းထံမှ သိရသည်။ လက်ရှိဈေးကွက်အတွင်း အရွယ်အစားနှင့် အရည်အသွေးအပေါ်မူတည်၍ တစ်ပိဿာလျှင် ၃,၅၀၀ ကျပ်မှ ၈,၀၀၀ ကျပ်အထိ ရောင်းဝယ်လျက်ရှိပြီး ပစ္စည်းရှားပါးမှု၊ လှောင်ဝယ်ယူမှု တိုးလာမှုနှင့် သယ်ယူပို့ဆောင်ခ မြင့်မားမှုတို့ကြောင့် ဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်သည့် အခြေအနေရှိနေကြောင်း သိရှိရပါသည်။
Apr 25 • 2:12 AM
Myanmar
Shan
Share
| 56 | 0 | 0 | 0 |


