ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅၂/၇- ၁၅၃/၀ နေပြည်တော်မှ ရန်ကုန် သို့ (အပြန်လမ်း) တွင် ၊ဧပြီ ၂၃ရက် ညနေ ၁၆:၂၅ နာရီခန့်ကယာဉ်မောင်းပါကျား(၃) မ(၁) ပေါင်း (၄)ဦး လိုက်ပါလာသည့် Light Truck အမျိုးအစား အဖြူရောင် ယာဉ်သည် အမြန်လမ်းမကြီး ပုံမှန်(လက်ယာဘက်)ယာဉ်ကြောမှ မောင်းနှင်ရာမှ ရုတ်တရက် နောက်သို့ ယာဉ်ကြောရှင်းမရှင်း မစစ်ဆေးဘဲ (လက်ဝဲဘက်)ရှိ “ဂ”ကွေ့သို့ ချိုးကွေ့ လိုက်သဖြင့် လားရာတူ အနောက်မှ လိုက်ပါလာသော ယာဉ်မောင်းပါကျား(၂) လိုက်ပါလာသည့် Lexus အမျိုး အစား အနက်ရောင်ယာဉ်မှ တိုက်မိရာ Lexus ယာဉ်မှာ လမ်းလယ်ကျွန်းသို့ ရောက်ရှိ တိမ်းမှောက် ခဲ့ကြောင်းသိရသည်။ယာဉ်တိုက်မှုကြောင့် Light Truck ယာဉ်မှ ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါလာသူများမှာ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း lexusယာဉ်မှ ယာဉ်ပေါ်ပါလာသူကျား(၁)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။



