back

အောင်ပန်းတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

Apr 24 • 4:13 PM

breaking-news

Myanmar

Shan

cover

အောင်ပန်းတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊အောင်ပန်းမြို့၊ ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာနေ အသက် ၂၀ အရွယ် မတင်လှ ဆိုသူသည် ယနေ့ ဧပြီလ ၂၄ ရက်၊ နေ့လယ်ပိုင်းက အဆိ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊အောင်ပန်းမြို့၊ ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာနေ အသက် ၂၀ အရွယ် မတင်လှ ဆိုသူသည် ယနေ့ ဧပြီလ ၂၄ ရက်၊ နေ့လယ်ပိုင်းက အဆိုပါရွာအတွင်းရှိ ပိန္နဲပင်တစ်ပင်တွင် မတ်တပ်ရပ်အနေအထားဖြင့် ကြိုးဆွဲချသေဆုံးနေပြီး ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ ခြေချောင်း၊ လက်ချောင်းများ အတွင်းသို့ကုတ်ဝင်၍ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် နေ့လယ် ၃ နာရီခွဲခန့်တွင် မှုခင်းဆေးစာဖြင့် အောင်ပန်း တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ သေဆုံးသူ မတင်ချိုင်၏ အမျိုးသားဖြစ်သူ ပြောပြချက်အရ ဇနီးဖြစ်သူ မတင်ချိုင်သည် ကိုမြမောင် အရက်သောက်စားသည့်ကိစ္စ ပြောဆိုရင်း စကားများကာ စိတ်ဆိုးပြီး နံနက် ၁၁ နာရီအချိန်ခန့်တွင် နေအိမ်မှ ထွက်သွားခဲ့သဖြင့် ကိုမြမောင် က ဆိုင်ကယ်ဖြင့် လိုက်လံခေါ်ဆောင်ခဲ့ရာ တွေ့ရှိခြင်းမရှိသဖြင့် အိမ်သို့ ပြန်လာစဉ် ကြိုးဆွဲချသေဆုံးနေကြောင်း ကျေးရွာတာဝန်ခံမှ ဖုန်းဆက်သွယ်ပြောကြားချက်အရ သိရှိခဲ့ရခြင်း ဖြစ်ပြီး ဇနီးဖြစ်သူ မတင်ချိုင်မှာ အိမ်ထောင်ကျပြီး ၇ လရှိချိန်ထိ သားသမီး မထွန်းကားသည့် ကိစ္စနှင့် ပတ်သက်ကာ စိတ်ကျရောဂါခံစားနေရ သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။



news-view-count-icon

25