back

Mobile ဈေးသည်တွေများလာ၍ တရုတ်ထုတ် Pickup ကားများအရောင်းအ၀ယ်ဖြစ်လာ

Apr 24 • 4:06 PM

breaking-news

Myanmar

Mandalay

cover

Mobile ဈေးသည်တွေများလာ၍ တရုတ်ထုတ် Pickup ကားများအရောင်းအ၀ယ်ဖြစ်လာ

Mobile စနစ်ဖြင့်ဈေးရောင်းချမှုခေတ်စားလာပြီးနောက်၊ တရုတ်ထုတ် Pickup ကားများ၊ ပုံမှန်ထက်အရောင်းအ ၀ယ်ပိုဖြစ်လာကြောင်း မန္တလေးကားဈေးကွက်မှ သိရသည်။အင်ဂျင်ပါဝါသေးပြီး...

Mobile စနစ်ဖြင့်ဈေးရောင်းချမှုခေတ်စားလာပြီးနောက်၊ တရုတ်ထုတ် Pickup ကားများ၊ ပုံမှန်ထက်အရောင်းအ ၀ယ်ပိုဖြစ်လာကြောင်း မန္တလေးကားဈေးကွက်မှ သိရသည်။အင်ဂျင်ပါဝါသေးပြီးဆီစားနှုန်းသက်သာခြင်း၊ ပေးရသည့်ငွေကြေးနှင့်ထိုက်သင့်သော၀န်ဆောင်မှု ပြန်ရရှိခြင်းတို့ ကြောင့်၊ လူကြိုက်များလာပြီး ယခင်ကထက်အရောင်းအ၀ယ်ပိုဖြစ်လာခြင်းဖြစ်ကြောင်း ကား၀ယ်ရောင်းအကျိုး ဆောင်များက ဆိုသည်။လက်ရှိ တရုတ်နိုင်ငံထုတ် Pickup ကားဈေးကွက်အတွင်း၊ Model 2015 နှင့်အထက် တန်ဖိုး ကျပ်သိန်း(၂၅၀)မှ(၄၀၀)ကြား ရှိသော DongFeng, Sokon, Karry Yoki, Sojen, Forland, KingLong အမှတ်တံဆိပ်များ အရောင်းအ၀ယ်ဖြစ်နေပြီး အင်ဂျင်ပါဝါ 1050 CC ကားများ လူကြိုက်များပြီး အ၀ယ်လိုက်နေကြောင်း သိရသည်။မန္တလေးမြို့တွင် ယခုနောက်ပိုင်း ထီအရောင်းကိုယ်စားလှယ်များ၊ ကွမ်းယာနှင့် စားသောက်ကုန်ပစ္စည်း ရောင်းချသူများက မြို့တွင်းနေရာအနှံ့အပြားသို့ Pickup ကားများဖြင့်လှည့်လည်ရောင်းချခြင်းအား တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြသည်ကို တွေ့ရသည်။








news-view-count-icon

27