back

မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အောက် ဆက်လက်ကျဆင်းနေ၊ ရေကြောင်းသွားလာရေး သတိပြုရန်လိုအပ်

Apr 24 • 3:02 PM

breaking-news

Myanmar

Mandalay

cover

မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အောက် ဆက်လက်ကျဆင်းနေ၊ ရေကြောင်းသွားလာရေး သတိပြုရန်လိုအပ်

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ရေနည်းသတိပေးမှတ်အောက်သို့ ရောက်ရှိနေပြီး ရှေ့လာမည့်ရက်များတွင်လည်း ထပ်မံကျဆင်းနိုင်ခြေရှိသဖြင့် မြစ်ကြောင်းတစ်လျှောက် သွားလာ...

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ရေနည်းသတိပေးမှတ်အောက်သို့ ရောက်ရှိနေပြီး ရှေ့လာမည့်ရက်များတွင်လည်း ထပ်မံကျဆင်းနိုင်ခြေရှိသဖြင့် မြစ်ကြောင်းတစ်လျှောက် သွားလာနေကြသည့် ရေယာဉ်များအနေဖြင့်အထူးသတိပြုသွားလာကြရန် လိုအပ်ကြောင်း မိုးဇ/လက ယနေ့တွင် သတိပေးထားသည်။မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန၏ ယနေ့ နံနက် (၈) နာရီထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေ အခြေအနေမှာ မုံရွာမြို့တွင် (၉၈) စင်တီမီတာ ရှိနေကြောင်း သိရသည်။နောက် (၇) ရက်အတွင်း လက်ရှိရေမှတ်အောက် (၂) လက်မခန့် ထပ်မံကျဆင်းနိုင်ကာ မုံရွာမြို့၏ ရေနည်းသတိပေးမှတ်မှာ (၁၀၀) စင်တီမီတာဖြစ်သောကြောင့် လက်ရှိတွင် သတိပေးမှတ်အောက်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။




news-view-count-icon

24