ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများအတွက် ဧပြီလ ၂၄ ရက်မှစတင်ကာ လေယာဉ်ခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်များတွင် ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန် ခရီးစဉ်အပြင် မြိတ်လေဆိပ်ကို အခြေပြု၍ ထားဝယ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များသို့ L-410 လေယာဉ်ငယ်များဖြင့် အပတ်စဉ် သတ်မှတ်ရက်များအလိုက် ပျံသန်းပေးသွားမည်ဖြစ်ပြီး ခရီးသွားပြည်သူများအနေဖြင့် လေယာဉ်လက်မှတ်များကို မြန်မာအမျိုးသားလေကြောင်း (MNA) ဝက်ဘ်ဆိုက်နှင့် သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။
Apr 25 • 2:13 AM
Myanmar
Local
Share
| 28 | 0 | 0 | 0 |


