ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ကဇက်ကျေးရွာအနီးတွင် တရုတ်လူမျိုးများက ခြံပိုင်ရှင်နှင့်သာ တိုက်ရိုက် အရောင်းအဝယ်လုပ်ပြီး ဒေသခံများနှင့် မညှိနှိုင်းဘဲ မြေနီ တူးနေကြကြောင်းသိရသည်။ထိုမြေနီတူးဖော်ရေးကို စလုပ်ချိန်တွင် ဒေသခံများနှင့် ဆွေးနွေးတိုင်ပင်တာ မရှိဘူးသလို ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်သည်ကိုဒေသခံများ စိုးရိမ်နေကြသည်။ထို့အပြင် ရွာငံမြို့နယ် ကျောက်ပိဇပ်ကျေးရွာနှင့် ကိုးဆူကျေးရွာအကြားမှာ ရှိသည့် ခဲနှင့်ငွေ တူးဖော်ခဲ့ဖူးသည့် သတ္တုတွင်းအဟောင်းတစ်ခုကိုလည်း ပြန်လည်တူးဖော်ရန် ပြည်သူပိုင်မြေများကို ခြံခတ်ပြီး ပြင်ဆင်နေကြောင်း သိရသည်။



