back

မြောက်ဦးမြို့နယ်မှာ အသက် ၄ နှစ်အရွယ်ကလေးငယ်ကို အသက် ၆၀ အရွယ် အမျိုးသားတဦးက လိင်ပိုင်ဆိုင်ရာပြုကျင့်

Apr 24 • 1:31 PM

breaking-news

Myanmar

Rakhine

cover

မြောက်ဦးမြို့နယ်မှာ အသက် ၄ နှစ်အရွယ်ကလေးငယ်ကို အသက် ၆၀ အရွယ် အမျိုးသားတဦးက လိင်ပိုင်ဆိုင်ရာပြုကျင့်

ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းရွာမှာနေသူ ဦးသင်္ခါကျော် ဆိုသူဟာ တရွာတည်းနေ အသက် ၄ နှစ်အရွယ် ကလေးငယ်ကို သူ့ရဲ့နေအိမ်မှာတင် လိင်ပိုင်ဆို...

ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းရွာမှာနေသူ ဦးသင်္ခါကျော် ဆိုသူဟာ တရွာတည်းနေ အသက် ၄ နှစ်အရွယ် ကလေးငယ်ကို သူ့ရဲ့နေအိမ်မှာတင် လိင်ပိုင်ဆိုင်ရာပြုကျင့်ခဲ့တာလို့ သိရပါတယ်။လိင်ပိုင်ဆိုင်ရာကျူးလွန်သူ ဦးသင်္ခါကျော်ဟာ လမ်းပေါ်မှာသွားလာနေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်ကို ၎င်းရဲ့အိမ်ကို လိမ်လည်ခေါ်ဆောင်ကာ အိမ်အောက်မှာ ကလေးငယ်ရဲ့ အဝတ်အစားတွေကို ဆုတ်ဖြဲပြီး လိင်ပိုင်ဆိုင်ရာပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။အာရက္ခဒေသမှာ အသက်ဆယ့်နှစ်နှစ်အောက်အမျိုးသမီးကို လိင်ပိုင်ဆိုင်ရာကျူးလွန်ပါက ရာဇသတ်ကြီးပုဒ်မ ၃၇၆(၃)အရ ထောင်ဒဏ် တသက်တကျွန်း ဒါမှမဟုတ် ထောင်ဒဏ်အနှစ် ၂၀ ထိ ချမှတ်အရေး ယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။



news-view-count-icon

19