back

ကရင်ပြည်နယ်ရှိ ငွေလိမ်ဂိုဏ်း သတင်းအချက်အလက် ပေးနိုင်သူကို ဒေါ်လာ (၁၀) သန်း ပေးမည်ဟု အမေရိကန်ကြေညာ

Apr 24 • 12:24 PM

breaking-news

Myanmar

Kachin

cover

ကရင်ပြည်နယ်ရှိ ငွေလိမ်ဂိုဏ်း သတင်းအချက်အလက် ပေးနိုင်သူကို ဒေါ်လာ (၁၀) သန်း ပေးမည်ဟု အမေရိကန်ကြေညာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာဗျူရို (INL)က အမေရိကန် တရားရေးဝန်ကြီးဌာန၏ “ငွေလိမ်ဂိုဏ်းများ နှိမ်...

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာဗျူရို (INL)က အမေရိကန် တရားရေးဝန်ကြီးဌာန၏ “ငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေး အထူးအဖွဲ့” (Scam Center Strike Force)နှင့် ပူးပေါင်းပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ တိုက်ဖျက်ရေး ဆုကြေးအစီအစဉ် (TOCRP) အရ ဆုကြေးငွေ ထုတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။(Tai Chang)သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်းမှာ အခြေစိုက်ပြီး ငွေလိမ်လုပ်ငန်းအကြီး အကျယ်လုပ်ကိုင်နေကာ ကျန်တခုမှာ မြဝတီနှင့် ဘားအံနယ်စပ်တွင် တည်ရှိကြောင်း ဖော်ပြထား သည်။အရှေ့တောင်အာရှတွင် အခြေစိုက်သည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း (TCOs) များသည် အွန်လိုင်းမှတစ်ဆင့် အကြီးစားငွေလိမ်မှုများ ပြုလုပ်ကာ အမေရိကန်နိုင်ငံ သားများကို အထူးပစ်မှတ်ထားလာနေပြီး (၂၀၂၅) ခုနှစ်အတွင်း ငွေလိမ်ဂိုဏ်းများကြောင့် ဒေါ်လာ (၇.၂) ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။အဆိုပါ (Tai Chang) ကျားဖြန့် ငွေလိမ်ဂိုဏ်း၏ သတင်းအချက်အလက်ပေးပို့လိုပါက အက်ဖ်ဘီအိုင် (FBI) ထံသို့ TaiChangTIPS@fbi.gov မှတစ်ဆင့်ဖြစ်စေ ဆက်သွယ်နိုင်ပြီး အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးသို့ ဆက်သွယ်နိုင်ပြီး သတင်းပေးပို့သူ၏ အချက်အလက်အားလုံးကို အထူးလျှိုဝှက်ထားရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။



news-view-count-icon

15