ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင်ဧပြီလ ၂၃ ရက်၊ ညနေပိုင်းက အသက် ၄၀ ဝန်း ကျင်ရှိ အမျိုးသားတစ်ဦး နန့်ရင်းချောင်းအတွင်း ရေဆင်းစိမ်ရာမှ ရေနစ်သေဆုံးခဲ့တာဖြစ်ပြီး ဖြစ်စဥ်နှင့်ပတ်သတ်ပြီး“သူ့ပုံစံကြည့်ရတာ အရက်တွေဘာတွေသောက်ပြီးတော့မှ ရေဆင်းစိမ်တဲ့သ ဘောတော့ရှိမယ်။ အပူဒဏ်မခံနိုင်တော့ နန့်ရင်းချောင်းထဲဆင်းပြီး ရေစိမ်ရင်းနဲ့ ရေတိမ်မှာနစ်ပြီးဆုံးတာ။ အသက်ကတော့ ၄၀ ပတ်ချာလည်လောက်တော့ရှိမယ်။ ဘယ်သူဘယ်ဝါဆိုတာလည်း မသိရသေးဘူး။ ပိုင်းရှင်တော့မရှိသေးဘူး။” ဟု ဒေသခံပရဟိ တအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။ရေနစ်ဆုံးပါးသည့်အမျိုးသား၏ရုပ်အလောင်းကို ရင်ငြိမ်းပန်းပရဟိတအ သင်းမှ မိုးကောင်းပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



