ဧရာဝတီတိုင်းတွင် ဒေသထွက် ဓနိချပ်များ ဧပြီလ ပထမ အပတ်မှစတင်ကာ အဝယ်လိုက်လာပြီး အရောင်းသွက်နေသော်လည်း ဝါးတန်ဖိုး၊ လုပ်သား၊ စက်သုံးဆီဖိုး၊ သယ်ယူစရိတ် စသည့် အထွေထွေကုန်ကျစရိတ်များကြောင့်အကျိုးအမြတ် နည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းတွင် ငပုတော၊ ဖျာပုံ၊ ဘိုကလေး၊ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ကျုံကျိုက်၊ လပွတ္တာ၊ ကျိုက်လတ် စသည့် ဒေသများက ဓနိစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းကို အများဆုံး လုပ်ကိုင်ကြကြောင်း သိရသည်။ ဧရာဝတီတိုင်း ဒေသထွက် ဓနိအရှည်အချပ်ရေ ၁၀၀ လျှင် ငွေကျပ် ၄၅၀၀၀ ၊ ဓနိအသေးအချပ်ရေ ၁၀၀ လျှင် ၂၅၀၀၀၊ ဓနိအလတ်အချပ်ရေ ၁၀၀ လျှင် ၃၅၀၀၀ အထိ အရွယ်အစားအလိုက်ဈေးပေါက်နေကြောင်း သိရသည်။



