back

နေပြည်တော်တွင် အသုံးစရိတ်ချွေတာသူများနေ၍ ဈေးကွက်အတွင်း စိန်တစ်လုံးသရက်များ အရောင်းအဝယ်ပါးနေ ဟုဆို

Apr 24 • 3:08 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်တွင် အသုံးစရိတ်ချွေတာသူများနေ၍ ဈေးကွက်အတွင်း စိန်တစ်လုံးသရက်များ အရောင်းအဝယ်ပါးနေ ဟုဆို

နေပြည်တော်၌ယခုနောက်ပိုင်း အခြေခံကုန်စည်စျေးနှုန်းများမြင့်မားမှုကြောင့် နေ့စဉ်အသုံးစရိတ်ကို ချွေတာသူများလည်း များပြားလာလျက်ရှိရာ စျေးကွက်အတွင်းရှိနေသည့် စိန်တစ်...

နေပြည်တော်၌ယခုနောက်ပိုင်း အခြေခံကုန်စည်စျေးနှုန်းများမြင့်မားမှုကြောင့် နေ့စဉ်အသုံးစရိတ်ကို ချွေတာသူများလည်း များပြားလာလျက်ရှိရာ စျေးကွက်အတွင်းရှိနေသည့် စိန်တစ်လုံးသရက်များမှာ အရောင်းအဝယ်ပါးနေဆဲ အခြေအနေမျိုးကို ကြုံနေရကြောင်း နေပြည်တော်အခြေစိုက် သစ်သီးမျိုးစုံရောင်းချသူများထံမှ သိရသည်။လက်ရှိဒေသဈေးကွက်အတွင်း စိန်တစ်လုံးသရက်သီးမှာ ရှယ်သီးတစ်လုံးလျှင် ၈၀၀၊ ၁,၀၀၀၊ ၁,၂၀၀ စသည်ဖြင့် ရှိနေပြီး အများဆုံးဝယ်လေ့ရှိသော အလုံးသေးများမှာ တစ်လုံးလျှင် ၃၅၀ ကျပ်မှ ၅၀၀ ကျပ်ကြား စျေးဖြစ်နေကြောင်းလည်း သိရသည်။

news-view-count-icon

32