မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျေးရွာဘုရားပွဲကာလအတွင်း တစ်ရွာနှင့်တစ်ရွာ မီးရရှိချိန် မညီမျှသည့်အပြင် လျှပ်စစ်ဓာတ်အား အချိန်ကန့်သတ်ဖြင့်သာ ထုတ်လွှင့်ပေးနေသဖြင့် ပြင်ဆင်ချက်ပြုတ်ရန် အခက်အခဲဖြစ်နေကြကြောင်း ချောင်းဆုံဒေသခံများက ပြောသည်။ပြီးခဲ့သည့် သက္ကော၊ ကွမ်ရိုက်၊ ရွာလွတ်နှင့် ကမာမိုကျေးရွာ ဘုရားပွဲရက်များတွင် လျှပ်စစ်မီး ရရှိချိန် များသော်လည်း ယနေ့ကျင်းပနေသည့် မုဒွန်းကျေးရွာ ဘုရားပွဲရက်တွင်မူ ၁ နာရီဝန်းကျင်သာ လျှပ်စစ်မီးရရှိခဲ့ကြောင်းလည်း မုဒွန်းဒေသခံတစ်ဦးက ပြောသည်။လျှပ်စစ်မီး အချိန်အနည်းငယ်သာ ရရှိခြင်းကြောင့် ချက်ပြုတ်ပြင်ဆင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးတွင် လစ်ဟာမှုများဖြစ်လာကြောင်း မုဒွန်းဒေသခံတစ်ဦးက ဆိုသည်။



