ထိုင်းနိုင်ငံ၊ကန်ချနာဘူရီခရိုင်၊ စိုင်းယုတ်(Sai Yok)မြို့နယ်တွင် မနေ့ညနေပိုင်းအချိန်၌ နွေရာသီမုန်တိုင်း တိုက်ခတ်ခဲ့သဖြင့် အမှတ် ၃၂၃ အဝေးပြေးလမ်းမကြီးပေါ်တွင် အထူးသဖြင့် ဝပ်ပါလုံတာဘူဝါ ယန်နာဆမ်ပန်နို ဘုန်းတော်ကြီးကျောင်းအနီး၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။အဆိုပါ ရေကြီးရေလျှံမှုကြောင့် သွားလာရေး ခက်ခဲသွားခဲ့ပြီး ရေစီးကြောင်းများအတွင်း မော်တော်ယာဉ်များ ပိတ်မိနေခဲ့သည်။ အချို့သော ယာဉ်မောင်းများသည် ရေစီးကြောင်းအလယ်တွင် ပိတ်မိသွားပြီး ကားများထားကာ တိမ်းရှောင်ခဲ့ကြရသည်။ အချို့မှာ ကားအတွင်းပိတ်မိနေသဖြင့် ပြည်သူများမှ ကူညီကယ်ဆယ်ပေးခဲ့ကြသည်။ယခုရေကြီးမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး အိမ်စီးကားအသေးများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိသည့်အတွက် ယာဉ်မောင်းများအနေဖြင့် အဆိုပါလမ်းကြောင်းကို ရှောင်ရှားကြရန်(သို့မဟုတ်)အထူးသတိပြု၍ မောင်းနှင်ကြရန် သတိပေးပြောကြားထားသည်။
ထိုင်းနိုင်ငံ၊ကန်ချနာဘူရီတွင် နွေမုန်တိုင်းတိုက်ခတ်ပြီး အဝေးပြေးလမ်းမကြီးပေါ်၌ ရုတ်တရက် ရေကြီးရေလျှံမှုများဖြစ်ပေါ်
Apr 24 • 1:53 AM
Thailand
Local News
Share
| 22 | 0 | 0 | 0 |


